“ကျွန်တော့်နာမည် မောင်ဘုန်းပါ။ နယ်မှာနေပါတယ်။
Programmer ဖြစ်ဖို့ အိပ်မက်ရှိတဲ့ လူငယ်တစ်ယောက်ပေါ့။ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ Tech Skill တွေလေ့လာမယ်ဆိုပြီး ရှာကြည့်တဲ့အခါ ဘယ်ကနေစလုပ်ရမှန်း မသိဖြစ်ခဲ့ဖူးပါတယ်။
သင်တန်းပဲတက်ရမလား။ နယ်မှာတော့ သင်တန်းတွေမရှိဘူး။ Online သင်တန်းတက်မှပဲရမယ်ဆိုပြီး တက်ကြည့်တော့လည်း Zoom Class တွေက မီးပျက်ရတာနဲ့ flexible မဖြစ်ရတာနဲ့ သိပ်အဆင်မပြေပါဘူး။
ဒါမှမဟုတ် Tutorial တွေလိုက်ကြည့်ပြီး Self-Learning ပဲလုပ်ရမလားလို့တွေးမိတာနဲ့ ဟိုလိုက်ကြည့် ဒီ လိုက်ကြည့် အမျိုးမျိုး လုပ်ကြည့်တယ်။ ဒါကလည်း ခုမှစလေ့လာတဲ့ မောင်ဘုန်းလိုလူအတွက် တော်တော်ပင်ပန်းခဲ့ရပါတယ်။ Passive video lessons တွေလေ့လာရင်း လက်တွေ့လေ့ကျင့်ဖို့က အားနည်း၊ အင်္ဂလိပ်လိုကျပြန်တော့ အားလုံးကို ခရေစေ့တွင်းကျ နားလည်ဖို့ကခက်နဲ့ အခက်အခဲတွေရှိခဲ့တယ်။”
ဒီအဖြစ်အပျက်က မောင်ဘုန်းရဲ့ Programmer ခရီးစဉ်အစမှာ ကြုံခဲ့ရတဲ့ တကယ့် ဖြစ်ရပ်မှန်ပါ။
ဒီလိုကြုံနေရတာ မောင်ဘုန်းတစ်ယောက်တည်းမဟုတ်ဘူးလို့ထင်တယ်။ နည်းပညာကျောင်းကြီးကြီးမှာ စျေးကြီးကြီးပေးပြီး တက်ဖို့က ပြောသလောက်မလွယ်တော့ ရရာနည်းလမ်းနဲ့ လေ့လာနေတဲ့ လူငယ်တိုင်း ဒီလိုအခက်အခဲတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒီလိုနဲ့ တိုးတက်မှုက ထင်သလောက်မရောက်တော့ လက်လျှော့ထားလိုက်တဲ့သူတွေတောင်ရှိတယ်။
နည်းပညာခေတ်ကြီးလေ။ နည်းပညာတစ်ခုသင်ဖို့ ဘာကြောင့်များ ခက်ခဲနေရတာလဲ?
ဒါကို ဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုလုပ်လို့ရလဲ? အခက်အခဲတိုင်းအတွက် အဖြေတစ်ခုကတော့ရှိမြဲပါ။
မောင်ဘုန်းလို အခက်အခဲတွေ ကြုံနေရတဲ့သူတွေရှိလား။
ဘယ်လိုဖြေရှင်းလို့ရမယ်ထင်လဲ။ ကိုယ့်ထင်မြင်ချက်လေးတွေရေးခဲ့ကြည့်ပါဦးဗျ။
#Sarthin_စာသင်
#TechLearningChallengesInMyanmar


