Skip to navigation Skip to navigation Skip to search form Skip to login form Skip to main content Skip to footer

Blog entry by Sarthin Group

မြန်မာလူငယ်တွေရဲ့ Coding အိပ်မက်က အဟန့်အတားတွေများနေတယ်…
မြန်မာလူငယ်တွေရဲ့ Coding အိပ်မက်က အဟန့်အတားတွေများနေတယ်…

ဒီလိုပြောရင် ကြီးကြီးကျယ်ကျယ် ဖြစ်သွားလားတော့မသိပေမဲ့ တကယ်လည်းဟုတ်ပါတယ်။ 

နိုင်ငံတကာက ကလေးတွေ ငယ်စဉ်ကတည်းက Coding နဲ့ရင်းနှီးနေချိန်မှာ၊ မြန်မာနိုင်ငံက ကလေးတွေ နဲ့ လူငယ်အများစုအတွက်ကတော့ Coding ဆိုတာကြီးက Luxury ပညာရပ်ကြီး တစ်ခုလိုထင်နေကြဆဲပါ။

 

နိုင်ငံတကာမှာ Coding ကို အခြေခံပညာ သင်ရိုးထဲ ထည့်သွင်းသင်ကြားနေတာ ၁၀ စုနှစ် တစ်ခုလောက်ရှိနေပါပြီ။ မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်းမှ Coding School တွေပေါ်လာသလို Private School အချို့မှာလည်း ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်း သင်ကြားတာကို တွေ့လာရပါတယ်။ ဝမ်းသာစရာကောင်းပေမဲ့ လူတိုင်းအတွက် လက်လှမ်းမမီနိုင်သေးတာတော့ အမှန်ပါပဲ။ 

ဒီလိုအခြေခံမှာကတည်းက မသင်ခဲ့ရတဲ့ Coding ကို မြန်မာလူငယ်တွေဟာ ရရာနည်းလမ်းနဲ့ လေ့လာနိုင်ဖို့ ကြိုးစားနေကြပါတယ်။ Face-to-Face Class, Online Learning, Self-Learning စသဖြင့်ပေါ့။ ဘယ်နည်းလမ်းမှတော့ 100% အဆင်ပြေမနေသေးပါဘူး။

 

Coding ကို အပေါ်က သင်ယူမှုပုံစံ (၃) မျိုးနဲ့ လေ့လာရင်း ကြုံရနိုင်တဲ့ အခက်အခဲလေးတွေကို ပြောပြပါမယ်။ 

အဲ့ဒီအခက်အခဲလေးတွေကို ကြီးကြီးကျယ်ကျယ်ပဲ စိန်ခေါ်မှုလို့ ကျွန်တော် ခေါင်းစဉ်တပ်လိုက်ပါမယ်။ ပြဿနာငယ်လေးတွေကပဲ ပန်းတိုင်ရောက်ဖို့ အဟန့်အတားဖြစ်စေနိုင်တာမလား။ 

 

◾️Face-to-Face Class

Face-to-Face Class တွေက ကောင်းပါတယ်။ ကျောင်းသားလူငယ်တိုင်း Physical Coding Class တွေ တက်နိုင်ဖို့ဆိုတာမလွယ်ပါဘူး။ 

ဥပမာ- နယ်မြို့တွေမှာ Coding/IT သင်တန်းတွေက များများစားစားမရှိဘူး။ တစ်ချို့ဒေသတွေမှာဆို လုံးဝတောင်မရှိသေးပါဘူး။ နီးစပ်ရာသင်တန်းကို သွားတက်မယ်ဆိုရင်တောင် အသွားအပြန် အချိန်ကုန်တာ၊ ခရီးပန်းတာတွေ ဖြစ်နိုင်သလို၊ မြို့ကြီးတွေမှာ သွားတက်မယ်ဆိုရင်လည်း နေထိုင်စားသောက်စရိတ်နဲ့ သင်တန်းကြေးက စဉ်းစားစရာ ဖြစ်လာပါတယ်။ 

အရည်အသွေးမြင့် Physical IT Class တွေ၊ Coding School တွေက သင်တန်းကြေးလည်းမြင့်ပါတယ်။ လူတိုင်း လက်လှမ်းမမီနိုင်ပါဘူး။ အရင်းအနှီးများတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို ဖြစ်နေတာမျိုးပေါ့။ အားလုံးကိုတော့မဆိုလိုပါဘူး။ ဒီအခက်အခဲကို ရင်ဆိုင်ရတဲ့ လူငယ်တွေလည်းရှိပါတယ်။ 

ပြီးတော့ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း လေ့လာချင်တဲ့သူတွေအတွက် သတ်မှတ်ထားတဲ့သင်တန်းချိန်ကို အချိန်ပေးတက်ဖို့က ခက်ခဲတဲ့ အခြေအနေတစ်ခုဖြစ်တတ်ပါတယ်။

 

◾️Online Learning (ဥပမာ - Zoom Class)

အွန်လိုင်းကနေ သင်ယူတာကလည်း သူ့အခက်အခဲနဲ့သူ ရှိနေပါတယ်။ 

များသောအားဖြင့် Zoom Class တွေက သတ်မှတ်ထားတဲ့အချိန်မှာတက်ရတယ်မလား။ 

မီးကမမှန်၊ လိုင်းကမကောင်းတဲ့ အချိန်နဲ့ တိုးရင် ဒါမှမဟုတ် ကိုယ်မအားတဲ့အချိန်နဲ့တိုက်သွားတာမျိုးဆိုရင် အတန်းကပျက်ရပါရော။ အဲ့လိုနဲ့ ကြာလာရင် သင်ခန်းစာတွေ နောက်ကျကျန်ခဲ့ပြီး အဆက်မပြတ်သင်ယူမှုကနေ ပြတ်တောက်သွားတတ်ပါတယ်။

နောက်တစ်ခုက Online Class တွေရဲ့ သင်ရိုးညွှန်းတမ်းတွေဟာ လူတိုင်းအတွက် ရည်ရွယ်ပြီး ရေးဆွဲထားတာပါ။ ဒါကြောင့် သင်ခန်းစာတွေကို ကိုယ့် Speed နဲ့ကိုယ် လေ့လာလို့မရပါဘူး။ သင်ယူမှုနှုန်းက တစ်ယောက်နဲ့တစ်ယောက်က မတူနိုင်ဘူးလေ။ မြန်တဲ့သူကလည်း သူနိုင်သလောက် လေ့လာချင်တယ်။ နှေးတဲ့သူကလည်း ဖြည်းဖြည်းချင်း လေ့လာချင်တယ်။ ကိုယ့်နှုန်းနဲ့ ကိုယ် လေ့လာလို့မရတာကလည်း အခက်အခဲတစ်ခုပါပဲ။

◾️Self-Learning (E-Learning, Tutorial Videos,..)

Self-Learning ကတော့ သဘောအကျဆုံး သင်ယူမှုနည်းလမ်းပါ။ အချိန်၊ နေရာ၊ ငွေကြေး၊ သင်ယူမှုနှုန်း ကန့်သတ်ချက်တွေ မရှိတဲ့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ထင်ရပေမဲ့ အခက်အခဲလေးတွေတော့ရှိနေတုန်းပဲ။ 

အကြီးဆုံးကတော့ ဘာသာစကား အခက်အခဲ (Language Barrier) ပါ။  Self-Learning လုပ်လို့ရတဲ့ E-Learning Courses, Tutorial Videos စတာတွေက များသောအားဖြင့် English လို လေ့လာရပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာစကား အခြေခံ မကောင်းတဲ့ ကျောင်းသားလူငယ်တွေအတွက် စမ်းတဝါးဝါး လေ့လာနေရသလိုမျိုး ဖြစ်နေနိုင်ပါတယ်။ နည်းပညာဆိုင်ရာ ဝေါဟာရတွေကို ကိုယ့်ဘာသာ နားလည်အောင် ကြိုးစားရတဲ့အတွက် သင်ယူမှုနှုန်းကို နှောင့်နှေးစေတာပေါ့။

နောက်ထပ် ကြီးမားတဲ့ ပြဿနာက Self-Learning လုပ်တဲ့အခါ Tutorial Video တွေကိုပဲ အစအဆုံး လိုက်လုပ်နေရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက Theory ကို သေချာ နားမလည်တော့ဘဲ ကိုယ်တိုင် ဖန်တီးနိုင်စွမ်းကို လျော့ကျစေပါတယ်။

သိသင့်တဲ့ Software Engineering Concept တွေကို မပိုင်နိုင်တဲ့အခါ Computational Thinking နဲ့ Logical Thinking Skill တွေ အားနည်းလာပြီး Coder တစ်ယောက်အတွက် မရှိမဖြစ် Skill တွေထဲက တစ်ခုဖြစ်တဲ့ Problem-Solving Skill ပါ ကျဆင်းလာနိုင်ပါတယ်။ 

Code တွေကို ဒါရေးရင် ဒါဖြစ်တယ်ဆိုတာမျိုးလောက်ပဲ မှတ်မိနေတာက နားမလည်တဲ့ သင်္ချာပုစ္ဆာတွေကို အလွတ်ကျက်နေသလိုပါပဲ။

ဒါတွေအားလုံးက ပြဿနာသေးသေးလေးတွေလို့ ထင်ရပေမဲ့၊ တကယ်တော့ ဒါတွေကပဲ မြန်မာလူငယ်တွေရဲ့ Coding အိပ်မက်ကို အဟန့်အတားဖြစ်နေစေတာတော့  အမှန်ပါပဲ။

ဒီပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မဲ့ သင်ယူမှုပုံစံတစ်ခုကို ဖန်တီးလိုက်မယ်ဆိုရင်ရော...စိတ်ဝင်စားကြလား?

ခင်ဗျားတို့လည်း ဒီလိုပဲ ကြုံတွေ့ခဲ့ရတယ်ဆိုရင်၊ ဒါမှမဟုတ် တခြားမတူတဲ့ အတွေ့အကြုံတွေရှိရင် Comment မှာ မျှဝေခဲ့ပါဦး။ 

#Sarthin_စာသင်

#TechLearningChallengesInMyanmar

#WhyLearningCodingIsStillSoHard_in_Myanmar

#Coding #SelfLearning #OnlineLearning #FacetoFaceClasses


  
Scroll to top