Skip to navigation Skip to navigation Skip to search form Skip to login form Skip to main content Skip to footer

Blog entry by Sarthin Group

ပညာရေးဆိုတာ သင်ကြားပို့ချရုံသက်သက်မဟုတ်ဘဲ ကျွမ်းကျင်မှုကို တည်ဆောက်ပေးနိုင်ရမယ်!
ပညာရေးဆိုတာ သင်ကြားပို့ချရုံသက်သက်မဟုတ်ဘဲ ကျွမ်းကျင်မှုကို တည်ဆောက်ပေးနိုင်ရမယ်!

ဟုတ်ပါတယ်။ ပညာရေး ဆိုတာ ဆရာသင်တာကို နားထောင်လိုက်မှတ်ရုံ၊ စာမေးပွဲဖြေဆိုပြီး Certificate တစ်ခု ရယူရုံသက်သက် မဟုတ်ပါဘူး။ စစ်မှန်တဲ့ ပညာရေးဟာ သင်ယူသူရဲ့ လက်ထဲကို လက်တွေ့ဘဝမှာ အမှန်တကယ် အသုံးချနိုင်မဲ့ ကျွမ်းကျင်မှုတစ်ခု ထည့်ပေးနိုင်ရပါမယ်။
ပညာရပ်တစ်ခု သင်ယူတဲ့အခါ အရေးကြီးဆုံးအရာက “သိရုံနဲ့ မပြီးဘူး၊ လုပ်တတ်ရမယ်”။ သီအိုရီ (Theory) တွေကို သိရှိထားဖို့လိုအပ်သလို အဲ့ဒီပညာရပ်ကို လက်တွေ့မှာ ဘယ်လောက်အထိ အသုံးချနိုင်သလဲ ဆိုတဲ့အချက်ကလည်း အရေးကြီးပါတယ်။

သင်ထားတာတွေ အများကြီးပဲ၊ တကယ်တမ်း အလုပ်ခွင်ဝင်တဲ့အခါ ကျွမ်းကျင်မှုမရှိလို့ အခက်အခဲတွေဖြစ်နေရတယ်ဆိုတာ သင်ယူထားတဲ့အရာတွေကို လက်တွေ့နဲ့ တွဲပြီး မလေ့လာခဲ့လို့ ပါပဲ။

အပြိုင်အဆိုင်များတဲ့ ဒီခေတ်မှာ ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်တစ်ခု ရှိနေရုံနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ဖန်တီးဖို့ မလွယ်ကူတော့ပါဘူး။ ဒီနေရာမှာ "ကျွမ်းကျင်ပိုင်နိုင်မှု" က အတော်လေးကို အဆုံးအဖြတ်ပေးလာပါပြီ။
Programmer ဖြစ်ချင်တယ်ဆိုရင် Programming Languages တွေကို သိနေရုံနဲ့ မပြီးပါဘူး။ Coding languages တွေကို သုံးပြီး ကိုယ်တိုင် App ဒါမှမဟုတ် Website တွေ ဖန်တီးနိုင်မှ၊ ပြဿနာတွေကို ကိုယ့်ဖာသာ ဖြေရှင်းနိုင်မှ တကယ့် Coder တစ်ယောက် ဖြစ်လာမှာပါ။ဒါ့အပြင်၊ နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု (Technical Skill) နဲ့အတူ Problem Solving, Creativity နဲ့ Communication Skill တွေမှာပါတစ်ပါတည်း လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ 


ကျွန်တော်တို့ “Sarthin - စာသင်” က ခံယူထားတဲ့ ပညာရေးဟာ သင်ယူသူတွေအနေနဲ့ သီအိုရီတွေကို သိထား ရုံသာမက၊ အဲ့ဒီသီအိုရီတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခု ကို တည်ဆောက်ပေးဖို့ ရည်ရွယ်ပါတယ်။
လူငယ်တွေ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သူတို့အတွက် အဆင်ပြေဆုံး ပုံစံမျိုး နဲ့ သင်ယူနိုင်အောင် လမ်းဖွင့်ပေးသင့်တယ်။ သင်ယူမှုတိုင်းဟာ လက်တွေ့ဆန်ဖို့၊ အသုံးဝင်ဖို့နဲ့ အနာဂတ်ဘဝအတွက် ပြင်ဆင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
Sarthin ရဲ့ ပညာရေးခံယူချက်က ဒီအတိုင်းပါပဲ။ ဒီလိုပညာရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။


မကြာခင်မှာ တကယ့်ကျွမ်းကျင်မှုကို တည်ဆောက်ပေးနိုင်မဲ့ သင်ယူမှုပုံစံတစ်ခုကို စတင်မိတ်ဆက်ပေးတော့မှာ ဖြစ်လို့ Sarthin - စာသင် Page ကို Like/Follow လုပ်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
#SarThin_စာသင် #SkillBasedEducation #SkillBasedLearning #FutureReadySkill


  
Scroll to top