Sarthin ရဲ့ အဓိက ရည်ရွယ်ချက်က မြန်မာလူငယ်တိုင်း အထိရောက်ဆုံး Self-learning အတွေ့အကြုံကို ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့ ပထမဆုံး ခြေလှမ်းအနေနဲ့ IT နယ်ပယ်ကို အခြေခံကနေစပြီး စနစ်တကျ လေ့လာနိုင်တဲ့ Web Discovery Course ကို ဖန်တီးဖြစ်ခဲ့ပါတယ်။
ဒီ Course ကို 100% Scholarship နဲ့ အခမဲ့ လေ့လာသင်ယူနိုင်မဲ့ အခွင့်အရေးကို လူငယ် အယောက် (30) အား ပေးအပ်သွားမှာ ဖြစ်ပါတယ်။
နည်းပညာလမ်းကြောင်းကို စတင်ချင်ပေမဲ့ သင်ယူနိုင်ဖို့အခွင့်အလမ်းနည်းပါးနေတဲ့ လူငယ်တွေအတွက် ဒီပညာသင်ဆုက အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
လျှောက်ထားနိုင်သူများ နှင့် ဦးစားပေးရွေးချယ်မည့်ပုံစံ
နည်းပညာကို စိတ်အားထက်သန်ပြီး ဇွဲရှိရှိ လေ့လာချင်တဲ့သူတိုင်း လျှောက်ထားနိုင်ပါတယ်။
ဝေးလံခေါင်ဖျားဒေသများ သို့မဟုတ် ပညာရေး အခွင့်အလမ်း နည်းပါးသော နေရာများတွင် နေထိုင်သူများ နှင့် နည်းပညာကို လေ့လာချင်သော်လည်း ငွေကြေးအခက်အခဲကြောင့် နှောင့်နှေးနေရသူများ ကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။
လိုအပ်ချက် (Commitment)
အခမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုပေမဲ့ ပညာသင်ဆုအခွင့်အရေးကို တန်ဖိုးထားပြီး သင်ယူလိုစိတ်ရှိဖို့တော့လိုအပ်ပါတယ်။
Course တစ်ခုလုံးကို နှံ့နှံ့စပ်စပ် လေ့လာပြီး၊ သတ်မှတ်ထားတဲ့ Assignment, Projects များအားလုံးကို ပြီးဆုံးသည်အထိ စနစ်တကျ၊ ဇွဲလုံ့လအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နိုင်သူများသာ လျှောက်ထားရန် တိုက်တွန်းပါတယ်။
လျှောက်ထားရမည့်ပုံစံ
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၁၂ နာရီ မတိုင်မီ နောက်ဆုံးထား၍ လျှောက်ထားပေးရပါမယ်။
ပညာသင်ဆုကို sarthin.com ရဲ့ Web Discovery Course အောက်တွင် ဝင်ရောက် လျှောက်ထားပေးရပါမယ်။
ပညာသင်ဆု လျှောက်လွှာ (Application Form) မှာ ထည့်သွင်းရမဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန် ထည့်သွင်းပေးရပါမယ်။
လျှောက်ထားပြီး ၁ ပတ်အတွင်း ရလဒ်များကို လျှောက်လွှာတွင် ဖြည့်သွင်းခဲ့သော E-mail မှ တစ်ဆင့် အကြောင်းပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆု ရရှိသူများအနေဖြင့် sarthin.com တွင် Web Discovery Course ကို အခမဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Course နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေသိလိုပါက Sarthin - စာသင် Facebook Page တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
နည်းပညာနယ်ပယ်ထဲ စတင်ဝင်ရောက်ချင်ပေမဲ့ အခက်အခဲရှိနေတဲ့ ညီငယ်ညီမငယ်အားလုံးကို ဒီပညာသင်ဆုနဲ့ အကူအညီပေးချင်ပါတယ်။
ဒါကြောင့် အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်ဆုံး လျှောက်ထားလိုက်ပါ။
#Sarthin_စာသင်
#Self_Learning #OnlineLearningPlatform
#ScholarshipOpportnity
#WebDiscoveryCourse
#WebDevelopment #IT_Education
Blog entry by Sarthin Group
Sarthin မှ Web Discovery Course အတွက် Full Scholarship အစီအစဉ်


