


Web Development ကို အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက် ဒီ Course ကို အထူးဒီဇိုင်းလုပ်ထားပါတယ်။ ကွန်ပျူတာနည်းပညာရဲ့ အခြေခံသဘောတရားတွေကနေ စပြီး Website တစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့အထိ လက်တွေ့ကျကျ လေ့လာနိုင်မှာဖြစ်ပါတယ်။
Theory နဲ့ Practical နှစ်ခုလုံးကို တပြိုင်နက် ကျွမ်းကျင်လာအောင် စနစ်တကျ တည်ဆောက်ထားတဲ့ Course ဖြစ်ပါတယ်။
ဒီ Course မှာ CSS Framework တွေကို မပါသေးဘဲ Web Development အခြေခံကို ပိုင်နိုင်အောင် လေ့လာနိုင်ဖို့ အထူးရည်ရွယ်ထားပါတယ်။
ဒီ Course အတွင်းမှာ လက်တွေ့ Project များကို ကိုယ်တိုင် တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒီ Projects များကို တည်ဆောက်နေစဉ် HTML, CSS, JavaScript အခြေခံများကို လက်တွေ့အသုံးချပြီး လေ့လာနိုင်ပါမယ်။
သင်ခန်းစာအားလုံးကို ပြီးဆုံးပြီး Assignment နဲ့ Projects တွေကို အောင်မြင်စွာ ပြီးမြောက်ပါက Certificate ရရှိမှာဖြစ်ပါတယ်။
Coding အတွေ့အကြုံ မရှိတဲ့ Beginner များအတွက် အခြေခံကနေ စတင်သင်ကြားပေးထားတဲ့ Course ဖြစ်ပါတယ်။
Sarthin မှာ ပညာရေးအခွင့်အလမ်း နည်းပါးသူများကို ကူညီဖို့ Scholarship Program ကိုလည်း စီစဉ်ထားပါတယ်။
သင်တန်းကြေးပေးသွင်းထားတဲ့ အချို့ကို Scholarship အဖြစ် ပြန်လည်အသုံးချပြီး အခြားကျောင်းသားများကို ပညာရေးအခွင့်အလမ်း ပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကြေး မတတ်နိုင်သူများအနေဖြင့် Scholarship လျှောက်ထားနိုင်ပြီး ကျွန်တော်တို့ဘက်မှ ၃ ရက်အတွင်း အကြောင်းပြန်ပေးသွားပါမယ်။