Skip to navigation Skip to navigation Skip to search form Skip to login form Skip to main content Skip to footer

Blog entry by Sarthin Group

Sarthin ရဲ့ Web Discovery Course အတွက် ပညာသင်ဆု အစီအစဉ်ကို အချိန်အကန့်အသတ်မရှိ လျှောက်ထားနိုင်ပါပြီ‼️
Sarthin ရဲ့ Web Discovery Course အတွက် ပညာသင်ဆု အစီအစဉ်ကို အချိန်အကန့်အသတ်မရှိ လျှောက်ထားနိုင်ပါပြီ‼️

Sarthin - စာသင် ဟာ အမြတ်အစွန်းထက် လူမှုအကျိုးပြုခြင်းကို ရှေ့တန်းတင်တဲ့ Social Enterprise (လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း) တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ Web Discovery Course ကို ဝင်ရောက်လေ့လာတဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ သင်တန်းကြေးထဲက အကျိုးအမြတ် (၃၀%) ကို ပညာသင်ဆု (Scholarship) လိုအပ်နေတဲ့ ကျောင်းသားများအတွက် ပြန်လည် အသုံးချသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် မူလက ပညာသင်ဆု လျှောက်ထားရန် နောက်ဆုံးရက်ကို ဒီဇင်ဘာ (၂၆) ရက်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း၊ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်များစွာအတွက် ရည်ရွယ်ပြီး ယခုအခါတွင် အချိန်အကန့်အသတ်မရှိ (Ongoing) တောက်လျှောက် ဖွင့်လှစ်ပေးထားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

💯နည်းပညာ စိတ်ဝင်စားသူ မည်သူမဆို sarthin.com မှ Web Discovery Course ကို လေ့လာရန် ပညာသင်ဆုအား အချိန်မရွေး လျှောက်ထားနိုင်ပါပြီ။

💯လျှောက်ထားသူများကို ၃ရက်အတွင်း Email မှတစ်ဆင့် အကြောင်းပြန်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာလူငယ်တိုင်း နည်းပညာနဲ့ အလှမ်းမဝေးစေဖို့ Sarthin ရှိနေပါတယ်။

👉 Web Discovery Course နဲ့ ပညာသင်ဆုအကြောင်း အသေးစိတ်သိလိုပါက (mention page name) တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို Page messenger မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်။

#Sarthin_စာသင်
#ScholarshipOpportunity
#WebDiscoveryCourse
#WebDevelopment #ITEducation 


  
Scroll to top