Skip to navigation Skip to navigation Skip to search form Skip to login form Skip to main content Skip to footer

Blog entry by Sarthin Group

AI, AI, AI... နေရာတိုင်းမှာ AI ဖြစ်နေတဲ့ခေတ်မှာ
AI, AI, AI... နေရာတိုင်းမှာ AI ဖြစ်နေတဲ့ခေတ်မှာ
 
Self-learning သမားတွေအတွက်လည်း AI က မရှိမဖြစ်လို ဖြစ်လာနေပါပြီ!
 
နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ... ပညာရပ်တစ်ခုကို အမှန်တကယ် တတ်မြောက်ချင်တယ်ဆိုရင် "လေ့လာခြင်း" နဲ့ "လေ့ကျင့်ခြင်း" (Study & Practice) ကို ကိုယ်တိုင်လုပ်မှရမှာပါ။ ဒါပေမဲ့ ပိုပြီး ထိရောက်တဲ့ Smart Learning ဖြစ်ဖို့အတွက်တော့ AI ကို အကောင်းဆုံး အသုံးချလို့ရပါတယ်။
 
ဒါကြောင့် Sarthin က Web Discovery Course အတွက် သီးသန့်ဖန်တီးထားတဲ့ AI Model တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။
 
တခြား AI နဲ့ စာမေးလည်းရနေတာကို ဒီ AI သုံးဖို့လိုလို့လားဆိုပြီး မေးကောင်းမေးနိုင်ပါတယ်။
 
အဖြေကတော့ ရှင်းပါတယ်။ သာမန် AI တွေက တစ်ခုခုမေးလိုက်ရင် အင်တာနက်ပေါ်က အချက်အလက်ပေါင်းစုံနဲ့ ဖြေပေးတာပါ။ တစ်ခါတလေ သင်ခန်းစာနဲ့ မဆိုင်တာတွေ ပါလာတတ်ပါတယ်။
Sarthin ရဲ့ AI ကတော့ -
✅Web Discovery Course ထဲမှာပါတဲ့ Content, Projects နဲ့ Code တွေကို သီးသန့် Train ထားတာဖြစ်လို့ သင်ခန်းစာနဲ့ ကွက်တိဖြစ်မဲ့ အဖြေတွေကိုပဲ အတိအကျ ပြန်ရှင်းပြပေးမှာပါ။
✅ဘာသာစကားမှာလည်း မြန်မာလိုရော English လိုနဲ့ပါ သုံးနိုင်ပါတယ်။ ဆရာတွေကို မေးလို့ရတယ်ဆိုပေမဲ့ မေးခွန်းမေးရတာကို တွန့်ဆုတ်နေမိတဲ့အချိန် ဒါမှမဟုတ် အဖြေကို ချက်ချင်းသိချင်တဲ့ အချိန်မျိုးမှာ အသုံးဝင်ပါလိမ့်မယ်။
 
ကျွန်တော်တို့ ဒီ AI ကို ဖန်တီးပေးထားတာဟာ ဖြတ်လမ်းလိုက်ဖို့ မဟုတ်ပါဘူး။
 
Sarthin က လက်ခံထားတဲ့ "လေ့လာ၊ လေ့ကျင့်၊ Feedback ယူ၊ Repeat ပြန်လုပ်" ဆိုတဲ့ Learning Cycle မှာ - အချိန်ကုန်သက်သာပြီး လမ်းကြောင်းမှန်မှန်နဲ့ ရှေ့ရောက်အောင် Support လုပ်ပေးမဲ့ Tool တစ်ခုအဖြစ် သုံးနိုင်အောင် ဖန်တီးထားတာပါ။
 
Self-learner တွေအတွက် အကောင်းဆုံး Learning Experience တွေ ပေးနိုင်ဖို့ Sarthin က အမြဲတမ်း ကြိုးစားနေပါတယ်။
 
🤖ဒီလိုမျိုး Personal AI Tutor နဲ့အတူ Web Development ကို အခြေခံကစပြီး ထိထိရောက်ရောက် လေ့လာချင်တယ်ဆိုရင်…
Comment မှာ “စာသင်” လို့ ရေးခဲ့လိုက်ပါ!

  
Scroll to top