သင်ခန်းစာတွေကို လိုက်မမှီတော့ဘူးလို့ ခံစားရတဲ့ အခါမျိုးမှာပါ။
အဲ့ဒီအခါ "ဒါဘာဖြစ်လို့လဲ၊ ကိုယ်များ ညံ့နေလို့လား" ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ အသေအချာ ပြောပါရစေ။ လုံးဝ မဟုတ်ပါဘူး။ အဲ့လိုမျိုး ယောင်လို့တောင် မတွေးလိုက်ပါနဲ့။
တကယ်တော့ ပြဿနာက ကိုယ့်ဆီမှာ ရှိတာမဟုတ်ဘဲ ကိုယ်တက်နေတဲ့ သင်တန်းရဲ့ သင်ကြားမှုပုံစံ ပေါ်မှာပဲ မူတည်နေတာပါ။
Beginner တွေအတွက် အရေးကြီးဆုံးက "အခြေခံပိုင်နိုင်ဖို့" နဲ့ "အမှန်တကယ် နားလည်တတ်မြောက်ဖို့" ဖြစ်ပါတယ်။
ဒါပေမဲ့ Online သင်တန်း တော်တော်များများက ဒီအချက်ကို မေ့ပြီး အမှားတွေလုပ်မိတတ်ကြတယ်
ဥပမာ- Web Development ကို ခုမှစလေ့လာတဲ့သူကို Framework တွေ၊ Tool တွေ အများကြီး တပြိုင်တည်း မိတ်ဆက်ပေးပြီး သတ်မှတ်ထားတဲ့ သင်တန်းကာလအတွင်း အကုန်ပြီးအောင် အတင်း သင်ပေးတတ်ကြတာမျိုးပါ။
ကျောင်းသားဦးရေ အများကြီးရှိတဲ့ Online Class တွေမှာ ကိုယ့်ရဲ့ Assignment တစ်ခုချင်းစီကို သေချာစိစစ်ပြီး အမှားပြင်ပေးမဲ့သူ မရှိတာမျိုးပါ။ Beginner တွေအတွက်က များများလေ့ကျင့်ဖို့လိုသလို၊ အဲ့ဒီအပေါ်မှာ Feedback များများရဖို့ကလည်း အသက်တမျှ အရေးကြီးပါတယ်။
ဒီလိုတွေ ဖြစ်နေတော့ Beginner တွေမှာ Anxiety တွေ ဖြစ်လာတယ်။ "ငါတကယ် နားလည်ရဲ့လား" ဆိုတာ မသေချာတော့တဲ့အချိန်မှာ၊ သင်တန်းကလည်း အမြန်နှုန်းနဲ့ ရှေ့ဆက်သွားနေတော့... ကိုယ်ပဲ နောက်မှာ ကျန်ခဲ့သလို ခံစားရပြီး စိတ်ဓာတ်ကျလာပါတော့တယ်။
ဘာပဲလေ့လာလေ့လာ အခြေခံပိုင်နိုင်ဖို့က အဓိကပါ။
"ဖြည်းဖြည်းမှန်မှန် လေ့လာ၊ များများလေ့ကျင့်၊ Feedback သေချာယူ"- ဒီပုံစံအတိုင်း သွားမှသာ အမှန်တကယ် နားလည်တတ်မြောက်မှာပါ။
သင်ခန်းစာတွေ “မြန်မြန်ပြီးဖို့ထက်၊ သေချာနားလည်သွားဖို့” ကသာ ပိုအရေးကြီးပါတယ်။
—--------------------------------------------------
အမှန်တကယ် နားလည်တတ်မြောက်မှုကို အလေးထားတဲ့ Sarthin မှာ Guided Self-Learning ပုံစံနဲ့ Web Development ကို အခြေခံကစပြီး လေ့လာနိုင်ပါပြီ။
စိတ်ဝင်စားတယ်ဆိုရင် Sarthin Facebook Page Messenger မှာ အသေးစိတ် လာရောက်မေးမြန်းနိုင်ပါတယ်။


