အဖြေကတော့ တစ်ခုတည်းပါပဲ။ အဲဒါကတော့ "အကျိုးမရှိတဲ့ Screen Time တွေ များနေမှာ" ကိုပါ။
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးတွေက ဖုန်းထဲမှာပဲ အချိန်ကုန်ဆုံးလာကြတယ်။ ဒါပေမဲ့ ဖုန်းကြည့်တာထက် ပိုပြီး စိတ်ပူစရာကောင်းတာက "ဘာတွေကို ကြည့်နေတာလဲ" ဆိုတာပါ။
သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကလေးတစ်ယောက်အတွက် ဖုန်းထဲမှာ ဗီဒီယိုတွေပဲ တစ်နေကုန် ထိုင်ကြည့်နေတာဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။
ဒီဂျစ်တယ်ခေတ်မှာ ဒီဂျစ်တယ်ပစ္စည်းတွေနဲ့အတူ မွေးဖွားလာကြတဲ့ ကလေးတွေကို ဖုန်းနဲ့ လုံးဝပေးမထိဘဲ ထားဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့... ဖုန်းစွဲ၊ ဂိမ်းစွဲ၊ ဆိုရှယ်မီဒီယာအဆိပ်သင့်ဖြစ်ရတဲ့ အဖြစ်မျိုးတွေကနေ ကြိုတင်ကာကွယ်ဖို့အတွက် "ဖုန်းကြည့်ချိန်" တွေကို ပိုကောင်းတဲ့ တခြားနည်းလမ်းတစ်ခုခုနဲ့ အစားထိုးပေးနိုင်ဖို့ လိုအပ်နေပါပြီ။
တကယ်တော့ ကလေးတွေရဲ့ အရွယ်ဟာ -
✅ သိချင်စိတ် (Curiosity) ပြင်းပြရမယ့်အရွယ်
✅ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းကြည့်ရမယ့်အရွယ်
✅ တစ်ခုခုကို လက်တွေ့ ကိုင်တွယ်စမ်းသပ်ရင်း Logic တွေ တည်ဆောက်ရမယ့်အရွယ် ဖြစ်ပါတယ်။
ဖုန်းကြည့်ရုံသက်သက် မဟုတ်ဘဲ... လက်တွေ့စဉ်းစားတွေးခေါ်ရတဲ့ "Logic-based Activities" တွေနဲ့သာ တွဲဖက်ပေးနိုင်မယ်ဆိုရင် ဒါဟာ သူတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်မှု ဖြစ်မှာပါ။
ဒီနွေရာသီမှာ... ကလေးတွေရဲ့ Logic နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ဖုန်းတွေ၊ ကွန်ပျူတာတွေမလိုဘဲ မြှင့်တင်ပေးနိုင်မဲ့ နည်းလမ်းသစ်တစ်ခုသာ ရှိခဲ့မယ်ဆိုရင် မိဘ/ဆရာတို့အနေနဲ့ စိတ်ဝင်စားပါသလား?
စိတ်ဝင်စားတယ်ဆိုရင် ကောမန့်မှာ "Yes" လို့ ရေးခဲ့လိုက်ပါ။


